Posts

၂၄.၁.၂၀၂၀ ( နံနက် ၁၀ နာရီ ၁၀ မိနစ် ) သစ်ပင်စိုက်တာ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရန် မလုံလောက်ဟု ဂရီသာသန်းဘာ့ဂ်ပြော

Image
သစ်ပင် တစ်ထရီလီယံ စိုက်ပျိုးမယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံလိုက်ပြီးနောက်သစ်ပင်စိုက်တာက ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းဖို့ မလုံလောက်ဘူးလို့ တက်ကြွလှုပ်ရှားသူ ဂရီသာသန်းဘာ့ဂ်က ပြောပါတယ်၊ ဇန်နဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွါးရေး ဖိုရမ်မှာပြောကြားလိုက်တာပါ၊   “ကျမတို့အိမ် မီးလောင်နေဆဲပဲ” ဆိုတဲ့ လွန်ခဲ့တဲ့ တစ်နှစ်က စကားကို ဂရီသာက ထပ်ပြောခဲ့ပါတယ်။ “ရှင်တို့ဘာမှမလုပ်တာက မီးလောင်ရာလေပင့်လုပ်နေတာပဲ”လို့လည်း သူက ပြောပါတယ်။ သမ္မတ ထရမ့် မိန့်ခွန်းကိုနားထောင်ပြီးနောက် ဂရီသာက ရုပ်ကြွင်းလောင်စာ ရင်းနှီးမြှုပ်နှံမှုကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။  ဒါဗို့စ်ဖိုရမ်မှာ သမ္မတ ထရမ့်က သစ်ပင် တစ်ထရီလီယံ စိုက်မယ့် အစီအစဉ်မှာ ပူးပေါင်းပါဝင်မယ် ပြောခဲ့ပေမယ့် ရေနံနဲ့ သဘာဝဓါတ်ငွေတို့ရဲ့ စီးပွါးရေးအရ အရေးပါပုံကိုလည်း ရှည်ရှည်ဝေးဝေးပြောခဲ့ပါတယ်။  နောက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူတွေကိုလည်း အဆိုးမြင်ဝါဒီတွေလို့ ထရမ့်က ခေါ်ဆိုလိုက်ပါတယ်။ ဂရီသာကလည်း ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ စကားတွေနဲ့ ကတိတွေဟာ အနှစ်သာရမဲ့တယ်

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၃၅ မိနစ်) နိုင်ငံတော်ရဲ့ စပါးဝယ်ယူရေးအစီအစဉ်က တောင်သူတွေအပေါ် တကယ်အကျိုးရှိရဲ့လား

Image
၂၀၁၉ ခုနှစ် နွေစပါးထွက်ရှိချိန်မှစပြီး ဆက်တိုက်ကျဆင်းလာခဲ့တဲ့ စပါးစျေးဟာ မိုးစပါးသစ် ထွက်ရှိလာချိန်မှာတော့ စျေးနှုန်း ထပ်မံဆင်းခဲ့သည်သာမက ဝယ်ယူသူမဲ့စျေးကွက် အခြေအနေတစ်ခုကိုပါ ယာယီရင်ဆိုင်ခဲ့ရပါတယ်။ နွေစပါးစိုက်ရာသီချိန်ကတည်းက ပြည်ပစျေးကွက် ပျောက်ဆုံးခဲ့ပြီးတော့ ပြည်တွင်းမှာ ဆန်စပါးများ လွန်စွာပိုလျှံခဲ့ပါတယ်။ ကုန်သည်ကြီးများ၊ စက်ပိုင်များရဲ့ ဂိုဒေါင်များအတွင်းမှာ မည်သည့်စျေးကွက်ကို ရောင်းချမည်မှန်းမသိဘဲ ကျန်ရှိနေတဲ့ စပါးများကြောင့် စပါးသစ်များ ထပ်မံပေါ်ပေါက်လာချိန်မှာ ဝယ်ယူသူမဲ့ စျေးနှုန်းကျလာခဲ့တာပါ။ မိုးစပါးအသစ်များ စတင်ထွက်ပေါ်လာချိန်မှာ နိုင်ငံတော်က သတ်မှတ်ထားခဲ့သည့် စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်းဆိုတဲ့ စျေးနှုန်းကို တောင်သူများ မရရှိကြတော့ပါဘူး။ စပါးဝယ်ယူရေးအစီအစဉ်ဟာ အချိန်မီရဲ့လား ဒီအချိန်မှာ နိုင်ငံတော်အစိုးရပိုင်းက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ကြေညာချက် အမှတ် (၁/၂၀၁၉) ဖြင့် ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ပြည့်နှစ် နွေစပါးသီးနှံတို့ကို တစ်တင်းကို ၄၆ ပေါင်ဖြင့် စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်းဖြင့် ဝယ်ယူပေးဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်မှာပါဝင်တဲ့ စည်း