၂၄.၁.၂၀၂၀ ( နံနက် ၁၀ နာရီ ၁၀ မိနစ် ) သစ်ပင်စိုက်တာ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရန် မလုံလောက်ဟု ဂရီသာသန်းဘာ့ဂ်ပြော



သစ်ပင် တစ်ထရီလီယံ စိုက်ပျိုးမယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံလိုက်ပြီးနောက်သစ်ပင်စိုက်တာက ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းဖို့ မလုံလောက်ဘူးလို့ တက်ကြွလှုပ်ရှားသူ ဂရီသာသန်းဘာ့ဂ်က ပြောပါတယ်၊

ဇန်နဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွါးရေး ဖိုရမ်မှာပြောကြားလိုက်တာပါ၊

  “ကျမတို့အိမ် မီးလောင်နေဆဲပဲ” ဆိုတဲ့ လွန်ခဲ့တဲ့ တစ်နှစ်က စကားကို ဂရီသာက ထပ်ပြောခဲ့ပါတယ်။ “ရှင်တို့ဘာမှမလုပ်တာက မီးလောင်ရာလေပင့်လုပ်နေတာပဲ”လို့လည်း သူက ပြောပါတယ်။

သမ္မတ ထရမ့် မိန့်ခွန်းကိုနားထောင်ပြီးနောက် ဂရီသာက ရုပ်ကြွင်းလောင်စာ ရင်းနှီးမြှုပ်နှံမှုကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဒါဗို့စ်ဖိုရမ်မှာ သမ္မတ ထရမ့်က သစ်ပင် တစ်ထရီလီယံ စိုက်မယ့် အစီအစဉ်မှာ ပူးပေါင်းပါဝင်မယ် ပြောခဲ့ပေမယ့် ရေနံနဲ့ သဘာဝဓါတ်ငွေတို့ရဲ့ စီးပွါးရေးအရ အရေးပါပုံကိုလည်း ရှည်ရှည်ဝေးဝေးပြောခဲ့ပါတယ်။ 

နောက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူတွေကိုလည်း အဆိုးမြင်ဝါဒီတွေလို့ ထရမ့်က ခေါ်ဆိုလိုက်ပါတယ်။ ဂရီသာကလည်း ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ စကားတွေနဲ့ ကတိတွေဟာ အနှစ်သာရမဲ့တယ်လို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

Comments